တစ်လတာအကောင်းဆုံး နည်းပြဆုကို ထပ်ရခဲ့တဲ့ ပိုစတီကိုဂလူး
------------------------------------------
ဒီရာသီအစတုန်းက ထွက်ပေါ်လာတဲ့ အရာတစ်ခုရှိပါတယ်။ ဒါကတော့ စပါးနည်းပြပိုစတီကိုဂလူး ဟာ နည်းပြရာထူးကနေ အစောဆုံးထုတ်ပယ်ခံရနိုင်တယ်ဆိုတာပါပဲ။
အခုဆိုရင်တော့ ဒါဟာ လွဲမှားချက်တစ်ခုသာဖြစ်ပြီး ဘာလို့လဲဆိုတော့ နည်းပြပိုစတီကိုဂလူး က စပါးအသင်းအတွက် ရလဒ်ကောင်း တွေရအောင်စွမ်းဆောင်ပေးနေလို့ဖြစ်ပါတယ်။ အခုဆိုရင်လည်း နည်းပြပိုစတီကိုဂလူးဟာ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုကို ထပ်ပြီးရရှိခဲ့ပါတယ်။
ဒီတော့ သြဂုတ် ၊ စက်တင်ဘာ နဲ့ အောက်တိုဘာ (၃)လဆက်တိုက် ပရီးမီးယားလိဂ်တစ်လတာအကောင်း ဆုံးနည်းပြဆုကို ရရှိခဲ့တာပါ။ ဒါကြောင့် ပထမ(၃)လဆက်တိုက် ပရီးမီးယားလိဂ်တစ်လတာအကောင်း ဆုံးနည်းပြဆုကိုရရှိခဲ့တဲ့ ပထမဆုံးသော နည်းပြဆိုတဲ့ ဂုဏ်ယူစရာ မှတ်တမ်းကောင်းတစ်ခုကိုလည်းပိုင်ဆိုင်ခဲ့ပါတယ်။
နည်းပြတန်ဟက် ရဲ့ နည်းစနစ်နဲ့ ကိုက်ညီမှုမရှိလို့ မန်ယူအသင်းကနေ ထွက်ခဲ့ရတဲ့ ဒီဂီယာ ဟာ ထိပ်တန်းအဆင့်လက်စွမ်းမှာရှိနေတုန်းဖြစ်ပါတယ်။
Read Moreနောက်ဆုံး (၃)ပွဲဆက် စပါးကိုမနိုင်ခဲ့တာဖြစ်ပြီး လူမစုံတဲ့ စပါးကိုတောင် အနိုင်မကန်နိုင်တော့ပါဘူး။
Read Moreမန်စီးတီးအသင်းနဲ့သက်တမ်းကတော့(၁)နှစ်ပဲ တိုးခဲ့တာဖြစ်ပေမယ့် (၂၀၂၆) ခုနှစ်ထိ အသင်းမှာ ဆက်ရှိနေတော့မှာ ဖြစ်တယ်။
Read Moreမာနေး ဟာ အယ်လ်နာဆာ မှာ တစ်ပတ်လုပ်ခလစာပေါင်(၆)သိန်းခွဲထိ ရမှာဖြစ်လို့ မြင့်မားတဲ့ အနေအထားကို ရရှိသွားမှာပါ။
Read Moreစပါးအသင်း ရသွားတဲ့ အနီကတ် (၂)ကတ်က ဒီပွဲရဲ့အဖြေပါပဲ။
Read More