အချိန်ပေးဖို့ပြောတဲ့ ပိုချက်တီနို
--------------------------
ချယ်လ်ဆီးအသင်း အားပေးသူတွေက ပိုချက်တီနို ကို စိတ်ပျက်နေကြပြီ။
တချို့ဆို ပေါ်တာ ထက်ပိုဆိုးတဲ့သူလို့ ဝေဖန်ကြတယ်။
တစ်ကိုယ်ရည်အမြင်အရတော့လာမယ့် လိဂ်ဖလား လီဗာပူးလ်နဲ့ ဗိုလ်လုပွဲက ပိုချက်တီနို အတွက်အဖြေပါပဲ။
နိုင်ရင်ဆက်ရှိမယ်။ ရှုံးရင်ထွက်ရမယ်ဆိုတာမျိုး ဖြစ်နိုင်ပါတယ်။
ဒီလို အနေအထားမျိုးမှာ အချိန်ပေးဖို့ထပ်ပြောတာက နည်းနည်းတော့များပါတယ်။
" ပရိသတ်တွေ စိတ်ရှည်ဖို့လိုပါတယ်။ ကျွန်တော်တို့ အောင်မြင်တဲ့ နည်းလမ်းကိုရှာဖို့လိုပါတယ်။ကျွန်တော်တို့ကို ပံ့ပိုးပေးဖို့လိုပါတယ်။ ဟုတ်ပါတယ်။ အသင်းက ကစားသမားတွေကို ပံ့ပိုးပေးဖို့တောင်းဆိုတာပါ။ ကစားသမားတွေရဲ့အရည်အသွေးကို ကျွန်တော်သိပါတယ်။ အသင်းတစ်သင်းကိုတည်ဆောက်ဖို့ အချိန်ယူ
ရပါတယ်။ ဒါက အမှန်တရားပါပဲ "
ပိုချက်တီနို ရဲ့ တောင်းဆိုမှုကတော့ ကြမ်းပါတယ်။ တစ်ဖက်ကကြည့်ရင် သူလည်းလုပ်တော့လုပ်နေတာပါပဲ။
ဘာတွေဖြစ်လာမလဲဆိုတာစိတ်ဝင်စားဖို့တော့ကောင်းပါတယ်။
ကျောနံပါတ်(၉)ကို ဝတ်ဆင်သွားမယ့် အီကာဒီ ဟာ ဂါလာတာစာရေးအသင်းမှာ တစ်နှစ်လုပ်ခ ယူရို(၆)သန်းရရှိသွားမှာ ဖြစ်ပါတယ်။
Read Moreဇန်နဝါရီလ ပထမအပတ်ထဲမှာ ဒီပွဲစဥ်ကို ကစားသွားကြရမှာဖြစ်ပါတယ်။
Read Moreမာရက်ဇ် ကို အယ်လ်အာလီအသင်းဟာ ပြောင်းရွှေ့ကြေးပေါင်သန်း(၃၀)နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
Read Moreအိမ်ကွင်းအားကလည်း မန်ယူအသင်းအတွက် ကောင်းတဲ့ သက်ရောက်မှုတစ်ခုဖြစ်စေပါလိမ့်မယ်
Read Moreဒီလိုမျိုးမရှိသလောက်ကို ဖြစ်နေတဲ့အထဲမှာတော့ မာတီနက်ဇ် ကိုထည့်ကြရပါလိမ့်မယ်။
Read More