PSG ကိုပြောင်းဖို့များနေတဲ့ အိုဆီမန်
---------------------------------
နာပိုလီတိုက်စစ်မှုး အိုဆီမန် က မန်ယူ ၊ ချယ်လ်ဆီး တို့နဲ့သတင်းထွက်အပြီး အခုဆို PSG အသင်း နဲ့နီးနီးစပ်စပ်သတင်းတွေထွက်လာခဲ့ပါတယ်။ ဘာပေ မရှိတော့မယ့် အသင်းတိုက်စစ်အတွက် ပုံရိပ်ကောင်းတဲ့ ကစားသမားသစ်တွေကို PSG အသင်းအားဖြည့်ကိုဖြည့်ရမှာကြောင့် အိုဆီမန် ကိုခေါ်ချင်နေတာပါ။
လက်ရှိမှာတော့ အိုဆီမန် က PSG ကို ယူရိုသန်း(၁၂၀)နဲ့ ပြောင်းရွှေ့ဖို့နီးစပ်နေပါတယ်။သတင်းတွေရဲ့ ဖော်ပြမှုမှာတော့ PSG နဲ့ နာပိုလီ တို့ရဲ့ဆွေးနွေးမှုတွေက အပြောင်းအရွှေ့ဆီကို ဦးတည်နေတယ်လို့ဆိုကြပါတယ်။
PSG အသင်းကတော့ အိုဆီမန် အတွက်စာချုပ်လျော်ကြေး ယူရိုသန်း(၁၂၀)ပေးဖို့အဆင်သင့်ရှိနေပြီး (၄)နှစ်စာချုပ်အတွက်(၁)ရာသီ ယူရို(၁၃)သန်းထိ ပေးသွားဖို့လည်းရှိနေပါတယ်။ အိုဆီမန် PSG ကိုရောက်တော့မယ့်ပုံလို့သာပြောကြရပါလိမ့်မယ်။
ခရစ္စတယ်ပဲလေ့စ် ကို ရှုံးသွားတဲ့ပွဲမှာလည်းတိုက်စစ်မှုး မပါပဲ ကစားသွားလို့ အသင်းရဲ့ကစားပုံက အရှေ့ရောက်ရင် ဘာလုပ်လို့ဘာကိုင်ရမလဲ မသိတဲ့ပုံဖြစ်သွားပါတယ်။
Read More(၂)သင်းလုံး ပွဲစဥ်(၆)ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲလုံးဝမရှိကြသေးပါဘူး။
Read Moreအခုအနေအထားက မန်ယူနဲ့ ကစားတဲ့ အသင်းမှန်သမျှရလဒ်ကောင်းပါလိမ့်မယ်။
Read Moreအသင်းဟောင်း ချယ်လ်ဆီးနဲ့ပွဲမှာ လူစားဝင်ကစားခဲ့တဲ့ ကိုဗာချစ် ဟာစက်တင်ဘာလတုန်းက ရခဲ့တဲ့ ပေါင်ဒဏ်ရာကို ပြန်လည်ရရှိသွားခဲ့ပါတယ်။
Read Moreအိမ်ရှင်နိုင်ငံ (၆)နိုင်ငံထိ ရှိလာမှာလည်း ဖြစ်ပါတယ်။
Read More