ဘယ်လင်ဂမ် တစ်ယောက်တည်းနဲ့ ဘာစီလိုနာကို အနိုင်ယူခဲ့တဲ့ ရီးယဲလ်
--------------------------------------
ဘာစီလိုနာ ၁ - ၂ ရီးယဲလ်
ဒီရှုံးပွဲက ဘာစီလိုနာအတွက် ခံရခက်စေမှာ အမှန်ပါ။ ဘာစီလိုနာက ရှုံးပွဲနဲ့ ထိုက်တန်ခြင်းမရှိခဲ့ပါဘူး။ ဘယ်လင်ဂမ် လို ကစားသမားမျိုးကို ပိုင်ဆိုင်ထားလို့သာ ရီးယဲလ် က ဘာစီလိုနာကို နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီပွဲရဲ့ ပထမပိုင်းကတော့ လူမစုံတဲ့ ဘာစီလိုနာက ရီးယဲလ်ကို မောင်းကစားခဲ့တာပါ။ ဘာစီလိုနာ လုပ်သမျှ ရီးယဲလ်ခံခဲ့ရတယ်လို့လည်း ပြောရပါလိမ့်မယ်။ ဘာစီလိုနာ ရဲ့ လွှမ်းမိုးမှုအောက်ကို ရီးယဲလ်က ရောက်ခဲ့တာပါ။ ပွဲချိန်(၆)မိနစ်မှာပဲ ဘာစီလိုနာအသင်း ဂိုးစရခဲ့ပြီး ရီးယဲလ်ကွင်းလယ်နဲ့ ခံစစ်ရဲ့ ညံဖျင်းမှုကနေ ဂန်ဒိုဂန် က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာတော့ ချေပဂိုးရဖို့ ရီးယဲလ်တိုက်စစ်ပိုတင်လာခဲ့ပေမယ့် ဘာမှမထူးခဲ့ပါဘူး။ ရီးယဲလ်အသင်းကို အထောက်အကူဖြစ်သွားတာကတော့ လူစားလဲမှုတွေ ဖြစ်ပြီး ကာမာဗင်ဂါ ၊ မိုဒရစ် ၊ ဟိုဆေးလူ တို့ဝင်လာတာက ဘယ်လင်ဂမ် အတွက် နေရာလွတ်ပိုရသွားခဲ့ပါတယ်။ ဒီလိုနဲ့ ပွဲချိန် (၆၈)မိနစ်မှာ ရီးယဲလ်ချေပဂိုး မထင်မှတ်ပဲ ရခဲ့ပြီး ဘယ်လင်ဂမ် က ပြင်းထန်တိကျတဲ့ အဝေးကန်ချက်နဲ့ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
(၁-၁)စီ သရေနဲ့ ပွဲပြီးတော့မယ် ထင်နေချိန်မှာပဲ ပွဲချိန်(၉၂)မိနစ်မှာ ဘယ်လင်ဂမ် က ရီးယဲလ်အတွက် အနိုင်ဂိုးကို ထပ်သွင်းပေးခဲ့ပါတယ်။ ဒီဂိုးကတော့ ကံတရားဖြစ်ပြီး ညာခြမ်းက ဖြတ်တင်ဘောကို အလယ်က မီမလားဆိုပြီး ဝင်ထောက်ခဲ့လို့သာ ဘောလုံးက ဘယ်လင်ဂမ် ဆီကို ဂိုးသွင်းဖို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့တာဖြစ်ပါတယ်။
ဒီရာသီမှာ ရီးယဲလ်အသင်း ဘယ်လင်ဂမ် ကိုခေါ်နိုင်ခဲ့တာ အကောင်းဆုံးအရာတစ်ခုကို လုပ်နိုင်ခဲ့တာပါပဲ။ ဘယ်လင်ဂမ် ကံအရမ်းတက်နေတယ်လို့သာ ပြောရပါလိမ့်မယ်။
ဒီပွဲက နိုင်ပွဲမဖြစ်မနေလိုအပ်နေတဲ့ အာဆင်နယ်အတွက် ဘာဖိအားမှလည်းမရှိခဲ့ပါဘူး။ ဘ
Read More" အမြတ်ထွက်တာ အာဆင်နယ် "
Read Moreနည်းပြတန်ဟက် လည်း ဖိအားအနည်းငယ်လျှော့ချနိုင်ခဲ့ပါတယ်။
Read Moreဘိုင်ယန်မြူးနစ် အိမ်ကွင်းလည်း ဖြစ်နေတော့ ဘိုင်ယန်မြူးနစ် အနိုင်သေချာတဲ့ ပွဲလို့တောင် ပြောလို့ရပါတယ်။
Read Moreခြေစမ်းပွဲတွေမှာ ရလဒ်ကောင်းတွေယူနေပြီး လူသစ်တွေနဲ့ အသွင်သစ် ချယ်လ်ဆီးကို သူဘယ်လောက်ထိ ဆွဲတင်ပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။
Read More