တိုက်စစ်အားဖြည့်နေတဲ့ PSG

Published 1 year ago by Bawlonelive

တိုက်စစ်အားဖြည့်နေတဲ့ PSG

------------------------------------ 

အပြောင်းအရွှေ့စျေးကွက်ထဲမှာ PSG အသင်းခြေလှမ်းသွက်နေသလို တိုက်စစ်ပိုင်းအတွက် အာရုံစိုက်နေပြီး ဒမ်ဘီလီ နဲ့ ဂွန်ကာလိုရာမို့စ် တို့ကိုအရခေါ်မှာပါ။ ဒမ်ဘီလီအတွက် ပြောင်းရွှေ့ကြေးယူရိုသန်း(၅၀) ၊ ဂွန်ကာလိုရာမို့စ် အတွက်က အပိုဆုကြေးအပါ ပြောင်းရွှေ့ကြေး ယူရိုသန်း(၈၀) ဖြစ်ပါတယ်။ 

တစ်ဖက်မှာ ဘာပေ ထွက်တော့မယ်ဆိုတော့ အသင်းရဲ့ တိုက်စစ်အားကိုလျော့မသွားအောင် အားဖြည့်နေတဲ့ သဘောပါပဲ။ ပထမဦးဆုံး ဒမ်ဘီလီ စရောက်မှာဖြစ်ပြီး ရက်အနည်းငယ်အကြာမှာတော့ ဂွန်ကာလိုရာမို့စ် ထပ်ရောက်ပါလိမ့်မယ်။ PSG အသင်းကတော့ ကစားသမား(၂)ယောက်လုံးကို ဒီတစ်ပတ်ထဲမှာ ခေါ်ယူဖို့စီစဥ်ထားပြီး (၂၀၂၈)ခုနှစ် ဇွန်လအထိ စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

နေမာ ၊ ဒမ်ဘီလီ ၊ ဂွန်ကာလိုရာမို့စ် တို့ ဦးဆောင်လာတော့မယ့် PSG အသင်း တိုက်စစ်ဟာ စိတ်ဝင်စားဖို့ကောင်း​တာ အမှန်ပါ။ ဆရာတွေများနေတုန်းက မဖြစ်ခဲ့တဲ့ ချန်ပီယံလိဂ် အောင်ပွဲကို ဒီတိုက်စစ်အစုအဖွဲ့နဲ့ ရယူန်ိုင်မလားဆိုတာကိုလည်း စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

မန်ယူက မန်ယူပြန်ဖြစ်လာပြီလား

လူပြန်စုံလာတဲ့အချိန်မှာ ဆက်တိုက်ဆိုသလို ရလဒ်တွေကောင်းနေတာက တိုက်ဆိုင်မှုတော့မဟုတ်ပါဘူး။

Read More
PSG နဲ့အသံတွေထွက်နေတဲ့ ရက်ရှ်ဖို့ဒ်

စည်းကမ်းပိုင်းအားနည်းမှုကြောင့်အပြစ်ပေးခံထားရချိန်မှာ အချိန်ကိုက်ဆိုသလိုကို စိတ်ဝင်စားတဲ့သတင်းက ထွက်လာခဲ့တာပါ။

Read More
ဆော်ဒီကို ငြင်းတဲ့ ဖာနန်ဒက်စ်

ဇန်နဝါရီအပြောင်းအရွှေ့ကာလတုန်းက ဖာနန်ဒက်စ် ကို ဆော်ဒီဘက်ကနေ ကြီးမားတဲ့ ကမ်းလှမ်း မှုတစ်ခုနဲ့ ကမ်းလှမ်းခဲ့ပါတယ်။

Read More
ကစားသမားဘဝကနေ အနားယူခဲ့ပြီ ဖြစ်တဲ့ ဘိုတန်

ဘာစီလိုနာ အသင်းမှာ ခဏတာကစားခွင့်ရခဲ့တာက သူ့ရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်မြောက်သွားခဲ့တယ်လို့ ပြောရမှာပါ။

Read More
ဒဏ်ရာကနေ ပြန်လာပြီဖြစ်တဲ့ ဂျေးဆု

ဂျေးဆု မကြာခဏဒဏ်ရာရမနေဖို့ဖြစ်ပြီး မဟုတ်ရင် ကျဥ်းထဲကျပ်ထဲရောက်ချိန်မှာ အခက်အခဲအများကြီးဖြစ်လာနိုင်ပါတယ်။

Read More