နိုင်ပွဲတစ်ပွဲကို လွှင့်ပစ်ခဲ့တဲ့ မန်ယူ
-----------------------------
ဂါလာတာစာရေး ၃ - ၃ မန်ယူ
ဒီပွဲကို မနိုင်ခဲ့တာက မန်ယူအသင်းဖြစ်နေလို့ကို မနိုင်ခဲ့တာပါ။ ဒီနေရာမှာ တခြားအသင်းကြီးတွေသာဆို ဂါလာတာစာရေးကို သာသာယာယာလေးအနိုင်ကစားသွားပါလိမ့်မယ်။ ပြောရမယ်ဆို ဂါလာတာစာရေး ဒီပွဲမှာကစားသွားတာ ပုံမှန်လောက်ပါပဲ။ ချန်ပီယံလိဂ်မှာ ကစားရလိုက် မကစားရလိုက်အနေအထားမှာ ချန်ပီယံလိဂ်မှာ ဘယ်လိုနိုင်အောင်ကစားရမလဲဆိုတာ မသိတော့ပုံပါပဲ။ (၂)ဂိုးပြတ် (၂)ခါ ဦးဆောင်ပြီးမှ သရေကျခဲ့တဲ့အသင်းဆိုရင် မန်ယူအသင်းပဲရှိပါလိမ့်မယ်။
ဒီပွဲမှာ မန်ယူအသင်းဟာ တာထွက်လှခဲ့ပါတယ်။ ဂါနာချို ၊ အန်တိုနီ တို့ရဲ့တောင်ပံတွေကို ဂါလာတာစာရေးက မထိန်းနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ပွဲချိန် (၁၁)မိနစ်မှာ ဂါနာချို ၊ ပွဲချိန် (၁၈)မိနစ်မှာ ဖာနန်ဒက်စ် ရဲ့ ဂိုးတွေနဲ့ (၂)ဂိုးပြတ် ဦးဆောင်နေတဲ့ အချိန်မှာ ပွဲကိုတည်ငြိမ်အောင်ထိန်းဖို့ထက် ပြိုင်ဘက်ကို နောက်ကနေ လိုက်ကစားတဲ့ပုံနဲ့ကစားခဲ့ပါတယ်။ ပွဲချိန် (၂၉)မိနစ်မှာတော့ ဇီယက်ချ် က ဖရီးကစ်ကနေ ချေပဂိုးပြန်သွင်းပေးခဲ့ပြီး ဒီကန်ချက်ကို တားဆီးတဲ့နေရာမှာ အားနည်းချက်တွေရှိခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲချိန်(၅၅)မိနစ်မှာ အန်တိုနီ ၊ ဘစ်ဆာကာ တို့အတွဲအဖက်ကနေ တွမ်မီနေး အလိုက်သင့်ပိတ်သွင်းပြီး (၁-၃)ဖြစ်သွားပေမယ့် ပွဲကိုထိန်းထားနိုင်စွမ်းကတော့ တော်တော်လေး အားနည်းခဲ့တာပါ။ ပွဲချိန်(၆၂)မိနစ်မှာ ဇီယက်ချ် က ဖရီးကစ်ကနေ ဒုတိယချေပဂိုးပြန်သွင်းပေးခဲ့ပြီး အိုနာနာ က သူ့ဆီတည့်တည့်လာတဲ့ ကန်ချက် ကနေ ဂိုးပေးလိုက်ရတာဖြစ်ပြီး ရောင်းချက်ကတော့ လက်ကုန်ပါပဲ။(၂-၃)ဖြစ်သွားချိန်မှာ ဂါလာတာစာရေးက တိုက်စစ်ကိုပိုတင်ကစားခဲ့ပြီး ဇီယက်ချ် ရဲ့ ဖန်တီးမှုကနေပဲ ပွဲချိန် (၇၁)မိနစ်မှာ Akturkoglu က တတိယချေပဂိုးသွင်းပြီး (၃-၃)ဖြစ်စေခဲ့ပါတယ်။
ပွဲချိန် (၇၅)မိနစ်နောက်ပိုင်းမှာတော့ ဂါလာတာစာရေးအသင်း ကစားအား သိသိသာသာကိုကျသွားပြီး မန်ယူအသင်းအခွင့်အရေးတွေပိုရခဲ့ပါတယ်။ ဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့ အနေအထားတွေရှိခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပဲ ပယ်လီစထရီ လည်း အပိုင်ကန်ခွင့်တစ်ကြိမ် ရခဲ့ပါသေးတယ်။ လက်ရှိအနေအထားကတော့ ချန်ပီယံလိဂ်ကို နှုတ်ဆက်ရုံပါပဲ။ ချန်ပီယံလိဂ်မှာ နိုင်ပွဲရအောင် ဘယ်လိုကစားရမလဲမသိဘူးလို့ပဲ ထပ်ပြောရပါလိမ့်မယ်။
ဗာနာ ဟာ စပါးအသင်းကို ရာသီကုန်ထိ အငှားစာချုပ်နဲ့ရောက်လာခဲ့တာပါ။
Read Moreဒီရာသီမှာ Top 3 စာရင်းဝင်အသင်းတွေဆို လုံးဝမနိုင်သေးဘူးဆိုတဲ့ အချက်ကလည်း နည်းပြတန်ဟက်နဲ့ ကစားသမားတွေဖြေရှင်းရမယ့် ပုစ္ဆာပါပဲ။
Read Moreshort description
Read Moreမမျှတတဲ့ ဆုံးဖြတ်ချက်တွေရှိခဲ့တယ်ဆိုပေမယ့် ကိုပင်ဟေဂင် နဲ့ မန်ယူကြားမှာ တစ်ယောက်လျော့သွားတာနဲ့ ခုလောက်ထိ ဖြစ်သွားတာကတော့ အဓိပ္ပါယ်မရှိပါဘူး။
Read Moreပြိုင်ပွဲစုံ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၆)ကြိမ်မှာ (၆)ကြိမ်လုံး မန်စီးတီးပဲ နိုင်ထားတဲ့အထိ လက်ရှိမှာ ချယ်လ်ဆီးအပေါ်အသာယူထားတာပါ။
Read More