အချိန်ကိုက်ပြန်လာခဲ့တဲ့ ဂျေးဆု

Published 3 months ago by Bawlonelive

အချိန်ကိုက်ပြန်လာခဲ့တဲ့ ဂျေးဆု

------------------------- 

အာဆင်နယ် အတွက် လိုနေတာကတိုက်စစ်မှုး။ 

ဟာဗက်ဇ် က အဖြေမဟုတ်ဘူး။ 

ယာယီပဲကောင်းတယ်ဆိုပြီး အမြဲပြောခဲ့ပါတယ်။ 

ဒီနေရာမှာ မျှော်လင့်ထားတာ (၂)ခုရှိပြီး တိုက်စစ်မှုးအသစ်ဝယ်တာနဲ့ ဂျေးဆု ပြန်လာဖို့ပါ။

အချိန်ကိုက်ပဲ ဖြစ်လာတာကတော့ဂျေးဆု ပြန်လာတာပါပဲ။ 

ဒါက အာဆင်နယ်အတွက် တော်တော်လေးကို အားဖြစ်စေပါတယ်။ 

ဂျေးဆု ရုန်းကန်နေရတဲ့ အချိန်မှာ အာတီတာ က တိုက်စစ်ရဲ့ တခြားနေရာလေးတွေမှာ စမ်းသုံးကြည့်ပေမယ့် သူ့ရဲ့ ပုံမှန်နေရာဖြစ်တဲ့ အထောင်တိုက်စစ်နေရာမှာပဲ အဆင်ပြန်ပြေသွားလို့ အပေါင်းလက္ခဏာဆောင်သွားခဲ့ပါတယ်။ 

တိုက်စစ်မှာရွေးချယ်စရာ နောက်တစ်ခုလိုမျိုးပိုလာခဲ့လို့ ဟာဗက်ဇ် လည်း ကွင်းလယ်ပြန်ကစားဖြစ်ပြီး ကွင်းလယ်အတွက်လည်း အားပိုတောင့်သွားခဲ့ပါတယ်။ 

နေရာတစ်နေရာ အဆင်ပြေသွားခဲ့တာကတခြားနေရာအတွက်ပါ ချိတ်ဆက်ပြီး အဆင်ပြေသွားခဲ့တာပါပဲ။ 

လတ်တလောမှာ အားရစရာခြေစွမ်းပြနေတဲ့ဂျေးဆု ကိုလည်း ဒီပုံစံကောင်းကို တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ထိန်းသွားဖို့မျှော်လင့်ပါတယ်။ 

လက်ရှိမှာတော့ ဂျေးဆု က နောက်ဆုံးကစားထားတဲ့ (၄)ပွဲမှာ (၆)ဂိုးထိသွင်းယူထားပါတယ်။

မန်ယူ - အာဆင်နယ် ပွဲကြိုသုံးသပ်ချက်

ရာသီကုန်ထိသာ အာမခံချက်ရထားလို့ တန်ဟက် အတွက်လည်း လက်ကျန်ပွဲတိုင်းက အရေးကြီးပါတယ်။

Read More
ဖာဖန်တောရက်စ် ကို စိတ်ဝင်စားနေတဲ့ နယူးကာဆယ်

မန်စီးတီးမှာလည်း ပုံမှန်လောက်ပဲ သွားခဲ့သလို အခု ဘာစီလိုနာမှာလည်း ပုံမှန်လောက်ပါပဲ။

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၂၅)

" ကံကောင်းသွားတဲ့ မန်စီးတီး နဲ့ (၆)ပွဲဆက် ဟွိုင်းလွန် " 

Read More
ဒိုင်ယာ ရဲ့ အနာဂတ် ဘာဖြစ်မလဲ

ပြောရရင်တော့ဒိုင်ယာ ဘိုင်ယန်မြူးနစ်ကိုပဲ ရောက်တော့မလို ၊ စပါးမှာပဲ ဆက်ရှိမလို ဖြစ်နေတာပါ။

Read More
ချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ရီးယဲလ်

ရီးယဲလ် ရဲ့ချန်ပီယံလိဂ်ကံကိုဘယ်အသင်းမှ မမီပါဘူး။

Read More