ရင်ခုန်စရာသိပ်မရှိခဲ့တဲ့ မန်စီးတီး အာဆင်နယ်ပွဲ

Published 5 months ago by Bawlonelive

ရင်ခုန်စရာသိပ်မရှိခဲ့တဲ့ မန်စီးတီး အာဆင်နယ်ပွဲ

---------------------------------- 

မန်စီးတီး ၀ - ၀ အာဆင်နယ် 

ဒီပွဲရဲ့သရေကမျှတပါတယ်။ ပြောရရင်တော့ ချန်ပီယံမျှော်လင့်ချက်ကိုယ်စီကို ဆက်ထိန်းသွားကြတဲ့ သဘောပါပဲ။ မန်စီးတီးကတော့ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု (၇၀)ရာခိုင်နှုန်းကျော်နဲ့ အသာစီးယူကစားသွားတယ်။ အာဆင်နယ် ကတော့ အမှားမရှိအောင်ကစားတယ်။ မန်စီးတီးရဲ့ အမှားကိုစောင့်ကစားတယ်။ မန်စီးတီး ကလည်း အမှားသိပ်မရှိတာကြောင့် အာဆင်နယ် လည်း အခွင့်အရေးတွေသိပ်မရခဲ့ပါဘူး။ 

ဒီပွဲမှာ အာဆင်နယ်ကွင်းလယ်ကို ထိန်းချုပ်ချင်လို့ ဂွါဒီယိုလာ က ကိုဗာချစ် ၊ ရိုဒရီ အတွဲကို ကွင်းလယ်မှာ အထိုင်ထားပြီး အရှေ့မှာ ဒီဘရိုင်းနား က ကစားခဲ့တယ်။ ထိန်းချုပ်မှုပိုင်းကောင်းတယ်ဆိုပေမယ့် ကိုဗာချစ် ၊ ရိုဒရီ ၊ ဒီဘရိုင်းနား အတွဲဆိုတော့ လေးလွန်းအားကြီးသွားခဲ့ပါတယ်။ ဘာနာဒိုဆေးဗားလ် ကလည်း ညာတောင်ပံမှာ အလုပ်မဖြစ်ခဲ့ဘူး။ အပျက်များတယ်။ ဖိုဒန် ကလည်း ဘယ်ခြမ်းထွက် ကစားလိုက်ရတော့ ပုံစံအောက်သွားပြီး ဟာလန်း ကတော့ ထုံးစံအတိုင်းတစ်ပွဲလုံးပျောက်နေခဲ့ပါတယ်။

ဒီတော့ မန်စီးတီး ဖိပေမယ့် အာဆင်နယ်က ထိန်းထားနိုင်ဖို့ ဘာမှမခက်ခဲ့ပါဘူး။ ဒီပွဲမှာ ဂွါဒီယိုလာ လုပ်ခဲ့တဲ့ အမှားကတော့ ဂယ်ရီလစ်ချ် ကိုထည့်လိုက်ချိန်မှာ ဖိုဒန် ကိုပါကွင်းထဲဆက်ထားရမှာဖြစ်ပေမယ့် လူစားလဲခဲ့တာပါ။ ဂယ်ရီလစ်ချ် ဘယ်ခြမ်း ၊ ဖိုဒန် ညာခြမ်း ၊ ဘာနာဒိုဆေးဗားလ် အတွင်းဝင် ပုံစံမျိုးဆိုပိုပြီး အခွင့်အရေးတွေရလာနိုင်ပါတယ်။ ဒိုကူ က တိုးနေတာမျိုးပဲရှိပြီး ဘာမှမထိရောက်ခဲ့ပါဘူး။ 

အာဆင်နယ်အသင်းကတော့ ပွဲပြီးခါနီးမှာ ထရော့ဆဒ် ၊ မာတင်နယ်လီ တို့ကိုထည့်ပြီး တိုက်စစ်ကိုပိုပုံဖော်ချင်ခဲ့ပေမယ့် မန်စီးတီးကသာ ပွဲကိုပိုစီးထားလို့ သူတို့လည်း အခွင့်အရေးကောင်းကောင်းမရခဲ့ပါဘူး။ အာဆင်နယ် က ဒီပွဲမှာ လိုချင်တဲ့ ရလဒ်ကိုယူသွားတယ်လို့တောင်ပြောလို့ရပါတယ်။ ဒီပွဲက တစ်ပွဲလုံး ရင်ခုန်စရာ အခြေအနေမျိုးလည်းသိပ်မရှိခဲ့ပါဘူး။ အာဆင်နယ်အသင်းကတော့ ဒီသရေရလဒ်ကြောင့် အဆင့် (၂)နေရာကိုဆင်းပေးလိုက်ရပါတယ်။

ချန်ပီယံလောင်း အာဆင်နယ် ဘက်မှာ ကံတရားရှိတယ်

ခြေစွမ်းမကောင်းခဲ့ပေမယ့် ရမှတ်မဆုံးရှုံးခဲ့တာက အာဆင်နယ်အတွက် အမြတ်ပါပဲ။

Read More
ဒဏ်ရာလူစာရင်းထပ်တိုးလာတဲ့ ရီးယဲလ်

ကာဗာဟယ်လ် က ဒဏ်ရာကြောင့် (၃)ပတ်ကနေ (၄)ပတ်ကြား နားရမယ့် ပုံစံဖြစ်ပါတယ်။

Read More
စပါးအသင်းကို ရောက်ရှိလာခဲ့ပြီဖြစ်တဲ့ ဗာနာ

ဗာနာ ဟာ စပါးအသင်းကို ရာသီကုန်ထိ အငှားစာချုပ်နဲ့ရောက်လာခဲ့တာပါ။

Read More
ဥရောပစူပါဖလား ကို အရယူခဲ့တဲ့ မန်စီးတီး

ပယ်နယ်တီအဆုံးအဖြတ်မှာတော့ မန်စီးတီးက အကုန်ဂိုးဝင်ခဲ့ပြီး ဆီဗီလာ က နောက်ခံလူ ဂူ​ဒဲလ် လွဲချော်ခဲ့တာကြောင့် မန်စီးတီး ချန်ပီယံဖြစ်ခဲ့ပါတယ်။

Read More
မန်စီးတီး - အာဆင်နယ် ပွဲကြိုသုံးသပ်ချက်

(၂၀၁၅)ခုနှစ်နောက်ပိုင်း အာဆင်နယ်ကို အိမ်ကွင်း ပရီးမီးယားလိဂ်ပွဲမှာမရှုံးထားပါဘူး။

Read More