ပရီးမီးယားလိဂ် ဒိုင်ယာရီ (၂၀)
" ဆာလာ ရဲ့ လီဗာပူးလ် "
ဘယ်လိုရလဒ်ပဲ ထွက်ထွက်အဆင့် (၁၀)ကမတက် ဆိုပေမယ့်အဆင့် (၁၀)အတွင်းကအသင်းတွေနဲ့တော့ ရမှတ်ကျဥ်းမြောင်းလာတာပဲ မဟုတ်လား။ ရင်တထိတ်ထိတ်နဲ့ နိုင်ပွဲတွေဆိုပေမယ့် ပုံမှန်နိုင်ပွဲရနေတာကပဲ ချယ်လ်ဆီးအတွက်တိုးတက်မှုတစ်ခုပါ။
မန်စီးတီးအတွက် သာသာယာယာပါပဲ။ ကမ္ဘာ့ကလပ်ချန်ပီယံဖြစ်အပြီးမှာဒီအသင်းက ပိုလို့တောင် တည်ငြိမ်ပြီးကောင်းလာတယ်လို့ မြင်ပါတယ်။ ဟာလန်း ၊ ဒီဘရိုင်းနား တို့ပြန်ပါလာတော့မယ့် မန်စီးတီး က ဇယားထိပ်ပိုင်းကို အရှိန်အဟုန်နဲ့တက်တော့မှာပါ။
မရိုးနိုင်တဲ့ တွမ်မီနေးဇာတ်လမ်းတွေဟာ အဆိုး အကောင်း ဒွန်တွဲလျက်ပါပဲ။ ပွဲပြီးတိုင်းတစ်ခုခုကို ဆင်ခြေပေးလွန်းတဲ့ တန်ဟက် လည်းများနေပါပြီ။အသင်းကြီးတစ်သင်းက အလယ်အလတ်အသင်းလို ဖြတ်သန်းနေတာကိုက ပုံမကျတာပါ။ တည်ငြိမ်မှု တစ်ခုပြန်ရဖို့က လက်ရှိမှာ အရေးအကြီးဆုံးပါပဲ။
ဆောင်းဝင်လာပြီဆိုတာထက် ပိုတိကျတဲ့ အဖြေတစ်ခုရှာရတော့မယ်။ ထိပ်ဆုံးမှာရှိနေရင် ၊ ဒီပွဲနိုင်မှ တစ်ခုခုဖြစ်မယ်ဆိုရင်အမြဲ ခြေချော်နေတာက မှန်ကန်တဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ ဆာကာ ၊ အိုဒီဂတ် တို့ ကျဆင်းနေတာကိုလည်း ကူညီပေးဖို့ အာတီတာ အဖြေရှာရမှာပါ။ အရေးကြီးတာက စိတ်ဓာတ်မကျပဲ ပြန်ကြိုးစားဖို့ပါပဲ။
လီဗာပူးလ် သာ ဒီရာသီ ပရီးမီးယားလိဂ်ရမယ်ဆို ဒါက ဆာလာ ကြောင့်ပါပဲ။ တခြားကစားသမားတွေထက် တန်းတစ်ခုမြင့်တယ်။ အသင်းအတွက် အဖြေရှာပေးတယ်။ ဆာလာ လိုကစားသမားရှိနေလို့လည်း တခြားအသင်းတွေထက်နှာတစ်ဖျားသာနေခဲ့တယ်။ ဆာလာ ရဲ့ လီဗာပူးလ်ကတော့ တကယ့်ကို အကောင်းဆုံးပါ။ အာဖရိကဖလားဆာလာ သွားမှာဖြစ်လို့ သူမပါရင်လီဗာပူးလ် ဘယ်လို ခရီးဆက်မလဲဆိုတာ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။
ဘာစီလိုနာ အသင်းမှာ ခဏတာကစားခွင့်ရခဲ့တာက သူ့ရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်မြောက်သွားခဲ့တယ်လို့ ပြောရမှာပါ။
Read Moreမန်စီးတီးမှာလည်း ပုံမှန်လောက်ပဲ သွားခဲ့သလို အခု ဘာစီလိုနာမှာလည်း ပုံမှန်လောက်ပါပဲ။
Read Moreရီးယဲလ် က ဒီပွဲမှာ အနိုင်ရဖို့အတွက် ကံကောင်းခဲ့ပါတယ်။
Read Moreမန်ယူအသင်း ရှုံးကိုရှုံးမယ်လို့ ထင်ထားခဲ့ကြပေမယ့် အဝေးကွင်းမှာ နည်းဗျူဟာကျ ကစားခဲ့ပြီး ရမှတ်တစ်မှတ်အရယူနိုင်ခဲ့ပါတယ်။
Read Moreဘာလို့လဲဆိုတော့ စပါးနဲ့တွေ့တိုင်းရလဒ်ဆိုးလို့ပါပဲ။
Read More