စီရော်နယ်လ်ဒို ကြောင့် ဖြစ်လာတဲ့ နေမာ ရဲ့ဆော်ဒီခရီးစဥ်

Published 1 year ago by Bawlonelive

စီရော်နယ်လ်ဒို ကြောင့် ဖြစ်လာတဲ့ နေမာ ရဲ့ဆော်ဒီခရီးစဥ်

----------------------------------------- 

" ကျွန်တော် စီရော်နယ်လ်ဒို ကို ယုံကြည်ပါတယ်။ သူဒီကို စရောက်တုန်းက သူ့ကိုအကြီးအကျယ်ဝေဖန်ခဲ့ကြတာပဲ။ ဒါတွေအပြီးမှာ အခုဆို ဒီလိဂ်က ဘယ်လောက်ထိ ပိုပိုပြီးကြီးထွားလာလဲဆိုတာ မြင်နေရပြီလေ " 

ဒါကတော့ ဆော်ဒီကို ပြောင်းပြီဆိုတဲ့ အချိန်မှာ နေမာ ပြောခဲ့တဲ့ စကားပါ။ နေမာ ဆော်ဒီမှာ ပိုက်ဆံတွေ ဘယ်လောက်ရမလဲဆိုတာကို ခဏမေ့ထားလိုက်တာပိုကောင်းမယ်။ ဘာလို့လဲဆိုတော့ နေမာ လို ကစားသမားကို ခေါ်ချင်ရင် ဒီလောက်ပိုက်ဆံက သုံးရမှာ ဖြစ်လို့ပါပဲ။ 

အဓိက ပြောချင်တာက စီရော်နယ်လ်ဒို သက်ရောက်မှုပါ။ စီရော်နယ်လ်ဒို ရှိလို့ ဆော်ဒီကို ပြောင်းလာတယ်ဆိုတဲ့ စကားကလည်း နားရည်တောင်ဝနေပါပြီ။ ဆော်ဒီလိဂ် တိုးတက်လာမယ်လို့ စီရော်နယ်လ်ဒို ပြောတုန်းက ရယ်ခဲ့ကြပေမယ့် အခုဆို ဒီအခြေအနေလည်း အမှန်တကယ်ဖြစ်လာပါတယ်။ 

နာမည်ကျော်တွေကြောင့် ဆော်ဒီကစားသမားတွေ နေရာပျောက်နိုင်ပေမယ့် နေ့တိုင်းအတူတွဲကစားနေရတာက အဖိုးမဖြတ်နိုင်သလို ဆော်ဒီလိဂ် နဲ့ ဆော်ဒီလိဂ်က သတင်းတွေ ၊ ပွဲတွေဟာလည်း တခြားလိဂ်တွေနည်းတူ လူစိတ်ဝင်စားမှုရရှိနေကြပါပြီ။ 

တစ်ခွန်းတည်းနဲ့ ခပ်လွယ်လွယ်ပြောရရင်တော့ အဆင့်မြင့်လာတာပါပဲ။ နေမာ ရဲ့ အကောင်းဆုံး ပါတနာက မက်ဆီ ဖြစ်ပေမယ့် စီရော်နယ်လ်ဒို အပေါ် လေးစားမှုအပြည့်ရှိတဲ့ သူ့စိတ်ဓာတ်က တကယ့်ကို ကောင်းပါတယ်။ 

နေမာ တစ်ယောက် ဆော်ဒီကိုလာတာကလည်း စီရော်နယ်လ်ဒို တို့လို ကစားသမားတွေရှိနေလို့ပါပဲ။ ဆော်ဒီမြေက နေမာ ကို ကြိုဆိုပုံက စီရော်နယ်လ်ဒို ၊ ဘန်ဇီမာ တို့လို တစ်ခမ်းတစ်နားနဲ့ပါ။ ဆော်ဒီလိဂ်ကပုံရိပ်မြင့်တက်လာခဲ့ပြီ ဖြစ်သလို ဖျော်ဖြေမှုကလည်း အပြည့်လို့သာ ပြောကြရပါလိမ့်မယ်။

လီဗာပူးလ်ကို အကောင်းဆုံးကစားပြီး အနိုင်ယူခဲ့တဲ့ အာဆင်နယ်

အာဆင်နယ် ၃ - ၁ လီဗာပူးလ် အာဆင်နယ် ဒီပွဲဘာလို့နိုင်လဲဆိုပြီး မေးခွန်းထုတ်ရင် စိတ်ဓာတ်ကြောင့်ပဲလို့ ဖြေချင်ပါတယ်။ ။

Read More
ဒီဂီယာ ကို စိတ်ဝင်စားနေတဲ့ ဘိုင်ယန်မြူးနစ်

နည်းပြတန်ဟက် ရဲ့ နည်းစနစ်နဲ့ ကိုက်ညီမှုမရှိလို့ မန်​ယူအသင်းကနေ ထွက်ခဲ့ရတဲ့ ဒီဂီယာ ဟာ ထိပ်တန်းအဆင့်လက်စွမ်းမှာရှိနေတုန်းဖြစ်ပါတယ်။

Read More
ချယ်လ်ဆီး စိတ်ဝင်စားနေတဲ့ တိုက်စစ်ကစားသမား

ပယ်လ်မာ ကို မခေါ်ခင်တည်းက စိတ်ဝင်စားနေခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

Read More
ဘီလ်ဘာအို ကထွက်မယ့် မူနီအန်

ဘီလ်ဘာအို မှာ သူ့ရဲ့အကောင်းဆုံးအချိန်တွေကို ပေးဆပ်ခဲ့သူပါ။

Read More
ဘိုင်ယန်မြူးနစ် ကို ပြောင်းရွှေ့ခဲ့ပြီဖြစ်တဲ့ ဒိုင်ယာ

ဘိုင်ယန်မြူးနစ်ကိုသွားဖို့ အခွင့်အရေးရတုန်းမှာ ဒိုင်ယာ က အမိအရဖမ်းဆုပ်ခဲ့တာဖြစ်ပါတယ်။

Read More